All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
မြန်မာရွှေ့‌ပြောင်း ကျောင်းသားတွေကို ဗကသများအဖွဲ့ချုပ်က အိုးဝေစာစောင်တွေ ဖြန့်ဝေ

၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်း ကျောင်းသားတွေကို ဗကသများအဖွဲ့ချုပ် ရဲဘော်တွေက ဧပြီ ၇ ရက်နေ့မှာ အိုးဝေစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#Oway0307 #ABFSU #အိုးဝေ #စာစောင် #ဗကသ #မဲဆောက် #ကျောင်းသား
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး လှုံ့ဆော်စတစ်ကာတွေ ဖြန့်ဝေ

၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ “စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ၊ မတရားမှုကို လူထုအားနဲ့တိုက်ဖျက်ကြ” စာသားပါစတေကာတွေကို ရန်ကုန်မြို့မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #မတရားစစ်မှုထမ်းဥပဒေ
ဗကသများအဖွဲ့ချုပ်က ရန်ကုန်မှာ မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး လှုံ့ဆော်စတစ်ကာတွေ ဖြန့်ဝေ

၂၀၂၄ ဧပြီ ၁၁၊ ဗကသ

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့ ဧပြီလ ၁၁ ရက်နေ့မှာ “မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” စာသားပါစတေကာတွေကို ရန်ကုန်မြို့မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #မတရားစစ်မှုထမ်းဥပဒေ
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဧပြီ ၁၂၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People's Strike Coalition - NDOPSC တို့ ပူးပေါင်းပြီး ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာ “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” စာသားပါဘန်နာနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #NDOPSC #မတရားစစ်မှုထမ်းဥပဒေ