All Burma Federation Of Student Unions
1.16K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ကြို့ပင်ကောက်မှာ ဗကသများအဖွဲ့ချုပ်က မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထကကြို့ပင်ကောက်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ လူ့ဘောင်သစ်လူငယ်အဖွဲ့ တို့က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ “မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” စာသားပါစတစ်ကာတွေကို ကြို့ပင်ကောက်မြို့နယ်မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #မတရားစစ်မှုထမ်းဥပဒေ
"ကျောင်းသားနဲ့ နိုင်ငံရေးဆိုင်လား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဗကသများအဖွဲ့ချုပ်က ဆွေးနွေးပွဲပြုလုပ်

ဧပြီ ၁၀၊ ဗကသ

"ကျောင်းသားနဲ့ နိုင်ငံရေးဆိုင်လား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗကသများအဖွဲ့ချုပ်က ရဲဘော်တွေနဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ဧပြီ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အခြေအနေ အမျိုးမျိုးကြောင့် မဲဆောက်ကို ရောက်နေကြပြီး ပညာရေးနဲ့ လုံးပန်းနေရတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေကို နိုင်ငံရေးနိုးကြားနေဖို့နဲ့ ကိုယ့်ပြည်တွင်းနိုင်ငံရေးနဲ့ အဆက်မပြတ်နေဖို့ကို ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရဲဘော်တွေပြုလုပ်တဲ့ပွဲကို ဗကသများအဖွဲ့ချုပ်ရဲ့မဟာမိတ် အဖွဲ့အစည်းတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်။

ဓာတ်ပုံ - အိုးဝေ

#Oway #ABFSU #ဗကသ #DPNS #လူ့ဘောင်သစ် #ကျောင်းသား #နိုင်ငံရေး #ဆွေးနွေးပွဲ
မြန်မာရွှေ့‌ပြောင်း ကျောင်းသားတွေကို ဗကသများအဖွဲ့ချုပ်က အိုးဝေစာစောင်တွေ ဖြန့်ဝေ

၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က မြန်မာရွှေ့ပြောင်း ကျောင်းသားတွေကို ဗကသများအဖွဲ့ချုပ် ရဲဘော်တွေက ဧပြီ ၇ ရက်နေ့မှာ အိုးဝေစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#Oway0307 #ABFSU #အိုးဝေ #စာစောင် #ဗကသ #မဲဆောက် #ကျောင်းသား
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး လှုံ့ဆော်စတစ်ကာတွေ ဖြန့်ဝေ

၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ “စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ၊ မတရားမှုကို လူထုအားနဲ့တိုက်ဖျက်ကြ” စာသားပါစတေကာတွေကို ရန်ကုန်မြို့မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #မတရားစစ်မှုထမ်းဥပဒေ