All Burma Federation Of Student Unions
1.17K subscribers
7.85K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
◾️ ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မတ်လ ၂၇ ရက်နေ့ မနေ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို ဖက်ဒရယ်အဆောက်အအုံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ အပြည်ပြည်ဆိုင်ရာလူထုလှုပ်ရှားမှုအဖွဲ့ချုပ် ILPS ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှု ဖြတ်တောက်ရေးနဲ့ စစ်မှုထမ်းဥပဒေဆန့်ကျင်ရေးတို့ကို ဟောပြောခဲ့ကြပါတယ်။

#abfsu #ဗကသ #march27 #antifascist
#whatshappeninginmyanmar #ilps
#banjetfuelexportstomyanmar #bloodmoneycampaignmm #militaryconscriptionlaw
3
◾️ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အထက (ခွဲ) ကဲဘာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့မှ ပူးပေါင်းပြီး "ဖက်ဆစ်တော်လှန်ရေးနေ့" အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်မှာ မတ်လ ၂၈ ရက်နေ့ မနေ့က ရုပ်ရှင်ပြပွဲ နဲ့ မိုင်းအန္တရာယ် ကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
1
◾️ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဘုတလင်မြို့နယ်တနေရာမှာ ဒီကနေ့ မတ်လ ၃၁ ရက်နေ့က "စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့" ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ