All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီက နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အရာတော်မြို့နယ်တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုကို ပြည်သူလူထုမှ တခဲနက်ကြိုဆိုခဲ့ပူးပေါင်းခဲ့ကြပြီး သပိတ်ကော်မတီဝင်များနှင့် ကျောင်းသားခေါင်းဆောင်များမှ လက်ရှိနိုင်ငံရေးအခြေအနေများ၊ တော်လှန်ရေးအ‌‌ခြေအနေများကို ပြည်သူလူထုအား ရှုင်းလင်းတင်ပြခြင်း၊ “နွေဦးမောင်မယ်များ” အဖွဲ့မှ ရဲဘော်များက တော်လှန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဗကသများအဖွဲ့ချုပ်
#ABFSU
7
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲ ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၊ ဗကသ

Read More - http://www.abfsu.org/2024/02/blog-post_2.html

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
3
Media is too big
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်တွင် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၊ ဗကသ

ဗကသများအဖွဲ့ချုပ်နှင့် North Dagon Oppressed People's Strike Colition (NDOPSC) တို့ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါစတစ်ကာများ ဖြန့်ဝေခြင်း၊ ဆေးနီပက်ဖြန်းခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
2
Media is too big
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၃၊ ဗကသ

ဗကသများအဖွဲ့ချုပ်က ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ရန်ကုန်မြို့တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” စာသားပါဘန်နာအား ချိတ်ဆွဲ၍ ဆေးနီပက်ဖြန်းခြင်းများ ပြုလုပ်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
3
ဗကသများအဖွဲ့ချုပ်မှ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၃၊ ဗကသ

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ကနီမြို့နယ်ရှိ မီးသတ်ရုံးတခုတွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
1
တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၅၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့၌ တနင်္သာရီမြို့နယ်တွင် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “အမျိုးတန်းတူရေး လူ့အခွင့်အရေးများရရှိဖို့ တော်လှန်စစ်ကိုထောက်ခံစို့” ပန်ဖလက်များ ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
4