All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်နှင့် ကျေးလက်သူပုန် သပိတ်စစ်ကြောင်းတို့က ဘုတလင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးလက်သူပုန်သပိတ်စစ်ကြောင်း တို့က ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ဘုတလင်မြို့နယ်တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ စတင်ဖော်ဆောင်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #ကျေးလက်သူပုန် #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
3
ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီက နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အရာတော်မြို့နယ်တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုကို ပြည်သူလူထုမှ တခဲနက်ကြိုဆိုခဲ့ပူးပေါင်းခဲ့ကြပြီး သပိတ်ကော်မတီဝင်များနှင့် ကျောင်းသားခေါင်းဆောင်များမှ လက်ရှိနိုင်ငံရေးအခြေအနေများ၊ တော်လှန်ရေးအ‌‌ခြေအနေများကို ပြည်သူလူထုအား ရှုင်းလင်းတင်ပြခြင်း၊ “နွေဦးမောင်မယ်များ” အဖွဲ့မှ ရဲဘော်များက တော်လှန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဗကသများအဖွဲ့ချုပ်
#ABFSU
7
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲ ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၊ ဗကသ

Read More - http://www.abfsu.org/2024/02/blog-post_2.html

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
3