All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီမြို့နယ်တွင် လူထုဟောပြောပွဲများပြုလုပ်

၂၀၂၄ ဇန်နဝါရီ ၂၂၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့က ကနီမြို့နယ်တွင် ဇန်နဝါရီလ ၂၀/၂၁/၂၂ ရက်နေ့များ၌ တော်လှန်ရုပ်ရှင်ပြသခြင်းနှင့် လူထုဟောပြောပွဲများကို ကျင်းပကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #လှုပ်ရှားမှု
9😁1
“စစ်သုံးစစ်ကို တိုက်ဖျက်ဖို့ တပ်ပေါင်းစုကို တည်ဆောက်စို့”

Read More - http://www.abfsu.org/2024/01/blog-post_27.html

ဗကသများအဖွဲ့ချုပ်
#abfsu #gsc #လှုပ်ရှားမှု

ပန်ဖလက်အား လွတ်လပ်စွာ ပြန်လည်ဖြန့်ဝေနိုင်ပါသည်။
Download -
https://drive.google.com/file/d/1TdBE-UMUdwJlfbqMWhmwNg_m5_b9YgI1/view?usp=drivesdk
2👍1😁1
ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီ ၂၈၊ ဗကသ

အရှေ့ဒဂုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ယနေ့ ဇန်နဝါရီ ၂၈ ရက်နေ့၌ ရန်ကုန်မြို့တွင် “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
5😁1
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီ ၂၉၊ ဗကသ

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် Kyimyindaing Networks (KMD 18)၊ Mayangone Democratic Front (MDF)၊ Burma Youth Revolutionary Force (BYRF) တို့ ပူးပေါင်း၍ ယနေ့ ဇန်နဝါရီ ၂၉ ရက်နေ့၌ ရန်ကုန်မြို့တွင် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာအား ချိတ်ဆွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
6😁1
“စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့”
နီတဲ့သွေး ရက်သတ္တပတ် (၁ ဖေဖော်ဝါရီ - ၇ ဖေဖော်ဝါရီ)


Read More - http://www.abfsu.org/2024/01/blog-post_30.html

အလံနဲ့ အသံကို နားစွင့်ပါ
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ အသင့်ရှိပါ

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC)
#GSC #ABFSU #ဗကသ #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #whathappeninginmyanmar
6
Media is too big
VIEW IN TELEGRAM
“စစ်သုံးစစ်ကို တိုက်ဖျက်ကြ၊ တပ်ပေါင်းစုကို ချီတက်ကြ”

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ (GSC) အင်အားစုများဖြစ်သည့် ဗကသများအဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီ၊ သာကေတသပိတ်ကော်မတီ၊ Burma Youth Revolutionary Force တို့၏ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး (နွေဦးတော်လှန်ရေး) သုံးနှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု

#GSC #ABFSU #ဗကသ #DPNS #MGTNSC #TSC #BYRF #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #လှုပ်ရှားမှု #whathappeninginmyanmar
8
နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသ၊ GSC နှင့် မဟာမိတ်များက နီတဲ့သွေးရက်သတ္တပတ် လှုပ်ရှားမှုကို ရန်ကုန်တွင် စတင်ဖော်ဆောင်

၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) နှင့် Burma Youth Revolutionary Force (BYRF) တို့က ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ရန်ကုန်မြို့တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ တပ်ပေါင်းစုကိုတည်ဆောက်ကြ”၊ “၁/၂/၂၁ မမေ့ကြနဲ့” အစရှိသည့် စာသားများအပါအဝင် သွေးစွန်းနေသော လမ်းမများအဖြစ် သရုပ်ဖော်သည့် ဆေးနီများပက်ဖြန်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို စတင်ဖော်ဆောင်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #AJAY #BYRF #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
6