All Burma Federation Of Student Unions
1.16K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီ ၄၊ ဗကသ

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) တို့ ပူးပေါင်း၍ “လွတ်မြောက်ခြင်းအတွက် ရုန်းထွက် အာဏာရှင်ကို အဆုံးသတ်” ဟူသောစာသားအား ကိုင်ဆောင်ကာ ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ကန်တော်ကြီးပန်းခြံ၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
4👍1
ဗကသများအဖွဲ့ချုပ်နှင့် ကြားကာလပညာရေး ဆရာ၊ ဆရာမများ ပူးပေါင်း၍ စာစီစာကုံး၊ ပန်းချီ၊ အာကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်

၂၀၂၄ ဇွန်နဝါရီ ၄၊ ဗကသ

ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကြားကာလပညာရေးကျောင်းမှ ဆရာ၊ ဆရာမများ ပူးပေါင်း၍ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့၌ ယင်းမာပင်မြို့နယ်ရှိ ကြားကာလ စာသင်ဝိုင်းတစ်ခုတွင် ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများအား စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အာကစားပြိုင်ပွဲများ ကျင်းပပြီး ဆုချီးမြှင့်ပွဲအခမ်းအနားများကို ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
7👍1
PEACE-LOVING YOUTH OF THE WORLD UNITE TO STOP AERIAL BOMBINGS IN PALESTINE, INDIA, MYANMAR, AND THE PHILIPPINE
___
See the full statement here: http://tinyurl.com/mn7btcwb

#StopAerialBombings #Youth #Genocide #Palestine #India #Myanmar #Philippines
2
ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီ ၁၄၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့က ကနီမြို့နယ်၌ ပြည်သူလူထုသပိတ်စစ်ကြောင်းဖြင့် ပူးပေါင်းကာ “နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို” စာသားပါဘန်နာဖြင့် ဇန်နဝါရီလ ၁၂/၁၃/၁၄ ရက်နေ့များတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
2