All Burma Federation Of Student Unions
1.16K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
“နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို”

ဗကသများအဖွဲ့ချုပ်က ဘုတလင်မြိုနယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ ဒီဇင်ဘာ ၃၁၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒီဇင်ဘာလ ၃၁ ရက်နေ့၌ ဘုတလင်မြိုနယ်တွင် “နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို” စာသားပါ စတစ်ကာများကို ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
8👍1😁1
ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ပြည်သူ့အခြေပြု စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေး

၂၀၂၄ ဇန်နဝါရီ ၁၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုတလင်မြို့နယ်ရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
👍2
“နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို”

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီလ ၂၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် မင်္ဂလာတောင်ညွန့် သပိတ်ကော်မတီ၊ တာမွေသပိတ်ကော်မတီ တို့ ပူးပေါင်း၍ ယနေ့ ဇန်နဝါရီ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် “နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို” စာသားပါ စတစ်ကာများကို ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
6
ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီ ၄၊ ဗကသ

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၆)ရွှေပြည်သာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အောင်သုခကိုယ်ပိုင်အထက်တန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) တို့ ပူးပေါင်း၍ “လွတ်မြောက်ခြင်းအတွက် ရုန်းထွက် အာဏာရှင်ကို အဆုံးသတ်” ဟူသောစာသားအား ကိုင်ဆောင်ကာ ယနေ့ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ကန်တော်ကြီးပန်းခြံ၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
4👍1