All Burma Federation Of Student Unions
1.16K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ဝက်လက်ဒေသတွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ ဒီဇင်ဘာ ၉၊ ဗကသ

ဝက်လက်ဒေသတွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ၁၀၃ နှစ်ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၈ ရက်နေ့၌ “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုကို အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပန်းကုံးတိုက်နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့် မုံရွာပင်မသပိတ် ဦးဆောင်ကော်မတီ တို့က ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အမျိုးသားအောင်ပွဲနေ့
3
“နှစ်သစ်ကိုလည်း ကြို၊ ဖက်ဆစ်ကိုလည်း ဖြို”

ဗကသများအဖွဲ့ချုပ်

#ဗကသ #abfsu #လှုပ်ရှားမှု
10
“နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို”

ဗကသများအဖွဲ့ချုပ်က ဘုတလင်မြိုနယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ ဒီဇင်ဘာ ၃၁၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒီဇင်ဘာလ ၃၁ ရက်နေ့၌ ဘုတလင်မြိုနယ်တွင် “နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို” စာသားပါ စတစ်ကာများကို ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
8👍1😁1
ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ပြည်သူ့အခြေပြု စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေး

၂၀၂၄ ဇန်နဝါရီ ၁၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုတလင်မြို့နယ်ရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
👍2
“နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို”

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီလ ၂၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် မင်္ဂလာတောင်ညွန့် သပိတ်ကော်မတီ၊ တာမွေသပိတ်ကော်မတီ တို့ ပူးပေါင်း၍ ယနေ့ ဇန်နဝါရီ ၂ ရက်နေ့၌ ရန်ကုန်မြို့တွင် “နှစ်သစ်ကိုလည်းကြို၊ ဖက်ဆစ်ကိုလည်းဖြို” စာသားပါ စတစ်ကာများကို ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
6