ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်
၂၀၂၃ နိုဝင်ဘာ ၁၂၊ ဗကသ
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကိုနိုဝင်ဘာလ ၁၁ ရက်နေ့၌ ဘုတလင်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။
ဖက်ဆစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ဗကသရဲဘော်များ ကျဆုံးခဲ့သည့်နေရာတွင် ကျဆုံးရဲဘော်များအား အလေးပြုခြင်းနှင့် တော်လှန်ရေးအခြေအနေအား ဆွေးနွေးတင်ပြသည့် အခမ်းအနားတရပ်ကိုလည်း ပြုလုပ်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု

❤2
ကြိုပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်လူငယ်အဖွဲ့တို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်
၂၀၂၃ နိုဝင်ဘာ ၁၄၊ ဗကသ
ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူ့ဘောင်သစ်လူငယ်တို့ ပူးပေါင်း၍ တော်လှန်စစ်ကို ဝန်းရံထောက်ခံရန် အဖိနှိပ်ခံလူထုကြီးတရပ်လုံး လွတ်မြောက်သည်အထိ ဟန်ချက်ညီညီဖြင့် စုပေါင်းညီညွတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်တိုက်ဖျက်ရန် ရည်ရွယ်၍ “တော်လှန်စစ်မှသည် လူထုလွတ်မြောက်ရေးဆီသို့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် ပြုလုပ်ခဲ့ကြပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
၂၀၂၃ နိုဝင်ဘာ ၁၄၊ ဗကသ
ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူ့ဘောင်သစ်လူငယ်တို့ ပူးပေါင်း၍ တော်လှန်စစ်ကို ဝန်းရံထောက်ခံရန် အဖိနှိပ်ခံလူထုကြီးတရပ်လုံး လွတ်မြောက်သည်အထိ ဟန်ချက်ညီညီဖြင့် စုပေါင်းညီညွတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်တိုက်ဖျက်ရန် ရည်ရွယ်၍ “တော်လှန်စစ်မှသည် လူထုလွတ်မြောက်ရေးဆီသို့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် ပြုလုပ်ခဲ့ကြပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
❤4
မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) စတင်ဖွဲ့စည်း
၂၀၂၃ နိုဝင်ဘာ ၁၅၊ ဗကသ
၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော လက်ခံချက်သုံးရပ်ပါ မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးစနစ် တို့ကို လက်ခံလိုက်နာပြီး မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU

👍6❤2