All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဘုတလင် ဗကသရုံးခန်း စီးနင်းခံရသည့်ဖြစ်စဉ် အချက်အလက်အမှား ပြင်ဆင်ခြင်း ‼️

ယနေ့ ဇူလိုင်လ ၂၈ ရက်နေ့တွင် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရုံးခန်းကို ဖက်ဆစ်တပ်က ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်မှုကြောင့် ကျဆုံးသွားသည့် ဗကသရဲဘော်များသည် ဥက္ကဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဌ ကို‌ကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်) နှင့် သတင်းပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့ ဖြစ်ကြသည်။ ကနဦးထုတ်ပြန်မှုတွင် ဆက်သွယ်ရေး အခက်အခဲများကြောင့် အချက်အလက်အတည်ပြုနိုင်မှု အားနည်းကာ သတင်းပြန်ကြားရေးမှူးကို အတွင်းရေးမှူးဟု မှားယွင်းဖော်ပြခဲ့ခြင်းအား ပြန်လည်ပြင်ဆင်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #ဘုတလင် #WhatHappeningInMyanmarNow
😢8👍1
စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုကျော်ဝင်းသန့်၊ ကိုကြယ်စင်ငြိမ်းချမ်း၊ ကိုသုတနေ တို့အား ဂုဏ်ပြု‌သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၁၀/ဗကသ/၂၀၂၃
ရက်စွဲ - ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၈ ရက်

Read More - http://www.abfsu.info/2023/07/blog-post_28.html

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#abfsu #ဗကသ #ဘုတလင် #WhatHappeningInMyanmarNow
😢71
ယနေ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဘုတလင်မြို့နယ် ညောင်ကန်ရွာရှိ ဘုတင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ရုံးခန်းနေရာကို ဝင်ရောက်စီးနင်းခဲ့ရာ သမဂ္ဂဥက္ကဋ္ဌ ကိုကျော်ဝင်းသန့် (အသက် ၁၈ နှစ်)၊ ဒုဥက္ကဋ္ဌ ကိုကြယ်စင်ငြိမ်းချမ်း (အသက် ၁၉ နှစ်) နှင့် သတင်းပြန်ကြားရေးမှူး ကိုသုတနေ (အသက် ၁၉ နှစ်) တို့သည် စစ်ကောင်စီတပ်သားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

On July 28, 2023, at 4:00 a.m., the Myanmar military raided the office of the Budalin Students' Union (ABFSU) in Nyongkan Village, Budalin Township. During the raid, union President Ko Kyaw Win Thant (18 years old), Vice-president Ko Kyal Sin Nyein Chan (19 years old), and Information Officer Ko Thuta Nay (19 years old) were killed by the SAC’s troops.

#Oway #ABFSU #ဗကသ #ဘုတလင် #Whatshappeninginmyanmar
😢7👍2
ကျဆုံးရဲဘော်များအား ဂုဏ်ပြုအခမ်းအနားကို အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ပြုလုပ်

၂၀၂၃ ဇူလိုင် ၂၉၊ ဗကသ

Read More - http://www.abfsu.info/2023/07/blog-post_80.html

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #ဘုတလင် #ကျဆုံး #WhatsHappeningInMyanmar
😢3👍21
ကိုကိုးကျွန်းတိုက်ပွဲ ၅၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ ဇူလိုင် ၃၁၊ ဗကသ

Read More - http://www.abfsu.info/2023/07/blog-post_31.html

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #ကျွန်းတိုက်ပွဲ #ကိုကိုးကျွန်း #WhatsHappeningInMyanmar
4