All Burma Federation Of Student Unions
1.17K subscribers
7.85K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂမှ မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူများအား တနပ်စာထမင်းအာဟာရအလှူ ပြုလုပ်

ဧပြီ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်းပြီး ယမန်နေ့ နှစ်ဆန်းတရက်နေ့က မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် တနပ်စာထမင်းအာဟာရအလှူ စီစဉ်ပြုလုပ်ခဲ့ကြပါတယ်။
_

အစီအစဥ်အထမြောက်ဖို့ရာ အဖက်ဖက်က ပါဝင်ဆောင်ရွက်​ပပေးကြတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ အလှူ​ငွေ ကောက်ခံ​ပေးကြသူတွေ၊ ထည့်ဝင်လှူဒါန်း​ပေးကြသူတွေ အားလုံးကို ငလျင်ဒဏ်သင့် မိဘပြည်သူတွေကိုယ်စား အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂနဲ့
ဗကသများအဖွဲ့ချုပ်တစုံလုံးက အထူးကျေးဇူးတင်ရှိပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်
#ABFSU #earthquakerelief
👍1
တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂမှ "လူထုမောင်မယ် သံချပ်"ဖြင့် လှည့်လည်ဖျော်ဖြေ

ဧပြီလ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်

တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က သင်္ကြန်အကျနေ့၊ အကြတ်နေ့နဲ့ အတက်နေ့တွေမှာ တနင်္သာရီမြို့နယ်အတွင်း ဒေသခံလူထု စုရုံးရာနေရာတွေမှာ "လူထုမောင်မယ် သံချပ်" နဲ့ လှည့်လည်ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

သံချပ်ထဲမှာလည်း စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေတွေကို ဆန့်ကျင်ခဲ့ကြပြီး လက်ရှိတော်လှန်ရေးအတွင်း အခြေအနေတွေကို ထုတ်ဖော်ပြောဆိုပြီး တင်ဆက်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#တော်လှန်သံချပ် #ABFSU #Oway #တနင်္သာရီမြို့နယ်
👍2
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားထုဆွေးနွေးပွဲတရပ် ပြုလုပ်

ဧပြီလ ၂၆ရက်၊ ၂၀၂၅ ခုနှစ်

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး တနင်္သာရီမြို့နယ်အတွင်း Spring Edu Garden ပြည်သူ့အခြေပြုအထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Studentsunion #တနင်္သာရီ
1