All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်နှင့် ရတကသမှ ပြည်သူလူထုဆီသို့ သတင်းစကား

မတ်လ ၂၈ ရက်နေ့၊ နေ့လယ် ၁၂နာရီ ၅၁ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူထောင်နဲ့ချီ သေကြေပျက်စီးခဲ့ရပါပြီ။ ဒီသဘာဝဘေးကြောင့် ထိခိုက်ခံစားနေရချိန်မှာ ‌စစ်ကောင်စီကတော့ ကူညီကယ်ဆယ်မှုတွေ မပြုလုပ်တဲ့အပြင် ပြည်တွင်းပြည်ပက ကယ်ဆယ်ရေးသမားတွေကို နည်းအမျိုးမျိုးနဲ့ တားဆီးပိတ်ဆို့နေပါတယ်။ ငလျင်ဒဏ်သင့်ဒေသတွေနဲ့ ဗမာပြည်အနှံ့ကို လည်း လေကြောင်းတိုက်ခိုက်မှုတွေ မပြတ်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ ပြည်သူမှာ ပြည်သူပဲ ရှိပါတယ်။ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူလူထုတရပ်လုံးကို ငလျင်ဒဏ်သင့်ပြည်သူအချင်းချင်း တတ်အားသမျှ ဖေးမကူညီကြရင်း စစ်အာဏာရှင်စနစ်ကိုလည်း အမြစ်ဖြတ်ချေမှုန်းကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ ငလျင်ဘေးသင့်ပြည်သူများအတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရတကသ) နဲ့ Students Without Borders တို့ကနေ တဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။ ဒီအဖွဲ့အစည်းတွေကို အောက်ပါ link ကနေတဆင့် အသီးသီးဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါတယ်။

👉 https://linktr.ee/abfsu သက်ဆိုင်ရာ page တွေကတဆင့် NUG Pay, Kpay, PayPal, Zelle, Cryto နဲ့ နိုင်ငံအလိုက် သက်ဆိုင်ရာ ဘဏ်အကောင့် (ဂျပန်၊ စင်္ကာပူ၊ ဥရောပ၊ ထိုင်း၊ အမေရိက၊ ချက်သမ္မတနိုင်ငံ) တွေကို စုံစမ်းလှူဒါန်းနိုင်ပါတယ်။

#ABFSU #UYSU #SwB #Fundraising #Earthquakestrikes #Myanmar #WhatshappeningnowinMyanmar
Media is too big
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်နှင့် ရတကသမှ ပြည်သူလူထုဆီသို့ သတင်းစကား

အောင်ဖုန်းမော်
ဒုဥက္ကဌ
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)

#ABFSU #UYSU #SwB #Fundraising #Earthquakestrikes #Myanmar #WhatshappeningnowinMyanmar
Media is too big
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်နှင့် ရတကသမှ ပြည်သူလူထုဆီသို့ သတင်းစကား

မခင်နီ
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #UYSU #SwB #Fundraising #Earthquakestrikes #Myanmar #WhatshappeningnowinMyanmar
Appealing message to the people from All Burma Federation of Student Unions (ABFSU) and University of Yangon Students' Union (UYSU)

English version :

On March 28 at 12:51 PM, a devastating earthquake struck, causing the deaths of thousands and widespread destruction. While people are suffering from this natural disaster, the military junta has not only failed to carry out rescue and relief operations but is also blocking and obstructing domestic and international rescue workers. Meanwhile, the junta continues its airstrikes on earthquake-affected regions and throughout Burma.

At this critical moment, we people only have each other to rely on. We urge the international community, resistance forces and people of Myanmar to support the earthquake victims as much as possible while continuing our fight for the complete eradication of the military dictatorship.

Donations to Earthquake Victims can be made through: All Burma Federation of Student Unions (ABFSU), University of Yangon Students' Union (UYSU) And Students Without Borders

You can find and contact information to these organization from the link down below and made your donation:

👉 https://linktr.ee/abfsu

Donations can be made through NUG Pay, KBZ Pay, PayPal, Zelle, Crypto, and bank accounts based in Japan, Singapore, Europe, Thailand, the US, and the Czech Republic. More details can be found on the respective pages.

#ABFSU #UYSU #SwB #Fundraising #Earthquakestrikes #Myanmar #WhatshappeningnowinMyanmar
Media is too big
VIEW IN TELEGRAM
Appealing message to the people from All Burma Federation of Student Unions (ABFSU) and University of Yangon Students' Union (UYSU)

Martin
Myanmar Student Union (ABFSU)

#ABFSU #UYSU #SwB #Fundraising #Earthquakestrikes #Myanmar #WhatshappeningnowinMyanmar
Media is too big
VIEW IN TELEGRAM
Appealing message to the people from All Burma Federation of Student Unions (ABFSU) and University of Yangon Students' Union (UYSU)

Myat Noe
All Burma Federation of Student Unions

#ABFSU #UYSU #SwB #Fundraising #Earthquakestrikes #Myanmar #WhatshappeningnowinMyanmar
သတင်းထုတ်ပြန်ခြင်း
ဧပြီ ၁၁၊ ၂၀၂၅

ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌဖြစ်သူ ကိုဝေယံဖြိုးမိုးသည် အင်းစိန်အကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်တို့တွင် ၄ နှစ်ကျော်ကြာ မတရားဖမ်းဆီးခံခဲ့ရပြီး ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

Photo By MPA

ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #ကိုဝေယံဖြိုးမိုး
ငလျင်​ဘေးကူညီ​ထောက်ပံ့​ရေးလုပ်ငန်းစဥ်များအားရှင်းလင်းတင်ပြခြင်း

ဗမာနိုင်ငံလုံးဆိုင်​ရာ​ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ရန်ကုန်တက္ကသိုလ်​ကျောင်းသားများသမဂ္ဂနှင့် Students Without Borders Campaign၊ ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ABWU)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊Sisters 2 Sisters၊ အရေးပေါ် တုံ့ပြန် ညှိနှိုင်းဆောင်ရွက်ရေးယူနစ် - Myanmar Emergency Response Coordination Unit (MERCU) တို့နှင့်ပြည်တွင်းအ​ခြေစိုက်အရပ်ဖက်အဖွဲ့အစည်းများပူး​ပေါင်း၍ စစ်ကိုင်း၊ မန္တ​လေး၊ တံတားဦး၊​တောင်ငူ၊​နေပြည်​တော်၊ ပျဥ်းမနား၊ ရမည်းသင်း၊ ​ပျော်ဘွယ်​ဒေသများရှိ ငလျင်​ဘေးဒဏ်သင့် အိမ်​ထောင်စု ၁၀၀၀ ခန့် (လူဦး​ရေ ၄၀၀၀နှင့် ၅၀၀၀ ကြား) အတွက် လိုအပ်​သော ကူညီ​ထောက်ပံ့​ရေးပစ္စည်းများ စုစု​ပေါင်း တန်ဖိုး​ငွေ သိန်း ၁၂၀၀ ကျပ်ခန့်ကို သွား​ရောက်​ပေးအပ်ကူညီခဲ့ပါသည်။

ထိုသို့​ပေးအပ်ကူညီနိုင်ရန်အတွက် အဖက်ဖက်မှကူညီ​ဆောင်ရွက်​ပေး​သော လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများ နှင့် အလှူ​ငွေ ​ကောက်ခံ​ပေးကြသူများ ထည့်ဝင်လှူဒါန်း​ပေးကြသူများကို ငလျင်ဒဏ်သင့် မိဘပြည်သူများကိုယ်စား ဗကသများအဖွဲ့ချုပ်မှ အထူးပင်​ကျေးဇူးတင်ရှိပါသည်။

ဗကသများအဖွဲ့ချုပ်

#ABFSU #earthquakerelief