All Burma Federation Of Student Unions
1.15K subscribers
7.76K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံ
ဆွေးနွေးပွဲတရပ် ပြုလုပ်

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅

ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ ပြည်သူလူထုနဲ့အတူ တွေ့ဆုံဆွးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂရဲဘော်တွေ ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ လက်ရှိတော်လှန်
ရေးအခြေအနေတွေအကြောင်း၊ ဗကသများအဖွဲ့ချုပ်ရဲ့ တော်လှန်ရေးရပ်တည်ချက်အမြင်နဲ့ လုပ်ငန်းစဉ်တွေအကြောင်း စတာတွေကို ချပြဆွေးနွေးခဲ့ပြီး တော်လှန်ရေးအနိုင်အရှုံးကို ပြည်သူလူထုတရပ်လုံးကသာ အဆုံးအဖြတ်ပေးနိုင်မယ်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #လူထုတွေ့ဆုံဆွေးနွေးပွဲ #ကန#ဗကသ #နွေဦးတော်လှန်ရေး