All Burma Federation Of Student Unions
1.16K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
အရာတော်မြို့နယ်တွင် သခင်အောင်ဆန်း နှစ် (၁၁၀) ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်

ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၂၅

အရာတော်မြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် မဟာမိတ်အင်အားစုများ ပူး‌ပေါင်း၍ ယနေ့ ကျရောက်သည့် သခင်အောင်ဆန်း၏ နှစ် (၁၁၀) ပြည့်မွေးနေ့နှင့်အတူ က်ုအောင်ဆန်းအား အောက်မေ့သတိရခြင်းအားဖြင့် ပဲပြုတ်နှင့်နံပြားများ ကျွေးမွေးပေးဝေခဲ့ကြသည်။

ထို့နောက် ကိုအောင်ဆန်း ပြောကြားခဲ့သည့် "ကျောင်းသားတွေနိုင်ငံရေး မလုပ်ရင် သူတောင်းစားတွေ သမ္မတ ဖြစ်ကုန်လိမ့်မယ်" မိန့်ခွန်းအပါအဝင် အခြားမိန်းခွန်းစာသားများလည်း ချိတ်ဆွဲခဲ့ပြီး ညီညွတ်မှုဖြင့် ဘုံရန်သူကို ရှေးရှုချေမှုန်းကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

သတင်းနှင့် ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Oway #အရာတော် #ဗကသ #သခင်အောင်ဆန်း #မွေးနေ့ #လှုပ်ရှားမှု
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ကိုအောင်ဆန်း၏ နှစ် ၁၁၀ ပြည့် မွေးနေ့အဖြစ် နိုင်ငံရေးသဘောတရားများ မျှဝေဆွေးနွေး

ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၂၅

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ တနင်္သာရီမြို့နယ် တနေရာတွင် ကိုအောင်ဆန်း၏ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုအောင်ဆန်း၏ သမိုင်းကြောင်းအား ဆွေးနွေးခြင်း၊ နိုင်ငံရေးသ‌ဘောတရားများ အသိပညာပေး မျှဝေဆွေးနွေးခဲ့ကြပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Oway #တနကသ #တနင်္သာရီ #စာဖတ်ဝိုင်း #အောင်ဆန်း
အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂနှင့် မဟာမိတ်အင်အားစုများမှ ရက်ရှည်စစ်ဘေးရှောင်များကို
စားနပ်ရိက္ခာနှင့် ငွေသား ကူညီထောက်ပံ့

၂၀၂၅၊ ဖေဖော်ဝါရီလ ၁၇ ရက်

အရာတော်မြို့နယ် ကျောင်သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် All Star လူငယ်ပရဟိတအသင်းတို့မှ ဖေဖော်ဝါရီ ၁၂ ရက်နေ့၌ အရာတော်မြို့နယ်ရှိ ရက်ရှည်စစ်ဘေးရှောင်အိမ်ထောင်စု ၂၈၅ စုအား တအိမ်ထောင်စုလျှင် ဆန် ၅ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံးနှင့် ငွေကျပ် တသောင်းစီ ‌ပူးပေါင်းကူညီထောက်ပံ့ခဲ့ကြသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #အရာတော် #ဗကသ #AllStar #စစ်ဘေးရှောင်