All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
အရာတော်နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ပူးပေါင်းပြီး ကျောင်းသားပြည်သူ သပိတ်စစ်ကြောင်းချီတက်

၂၀၂၅၊ ဖေဖော်ဝါရီလ ၁ရက်

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး “အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့" စာသားပါ ဘန်နာကို ကိုင်စွဲပြီး အရာတော်မြို့နယ်မှာ ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ပြည်သူလူထုအပေါ် ဖိနှိပ်‌နေမှုများကို ရဲရဲဝံ့ဝံ့အန်တုကြဖို့၊ နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်က ကျရှုံးနေတဲ့ ဘုံရန်သူစစ်တပ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ အယောင်ပြ သွေးစွန်းရွေးကောက်ပွဲကို လူထုအားနဲ့ တခဲနက်ဆန့်ကျင်ကြဖို့ အစရှိတဲ့ လူထုသပိတ်တရားတွေ ဟောပြောခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ #အရာတော် #အာဏာသိမ်း၄နှစ် #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့
ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့၌ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ လက်ကမ်းစာစောင်များ ဝေငှ

၂၀၂၅ ၊ ဖေဖော်ဝါရီလ ၁ ရက်

ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန်စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး တနင်္သာရီမြို့နယ်က ကျေးရွာတရွာမှာ "‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန်စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အပေါ် ဗကသများအဖွဲ့ချုပ်ရဲ့ သဘောထားထုတ်ပြန်ကြညာချက်"ကို ဒေသတွင်းက ပြည်သူလူထုကို ဝေငှခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြာရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #တနင်္သာရီ #အာဏာသိမ်း၄နှစ် #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့