All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ယင်းမာပင်မှာ ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်မှာ အခမ်းအနားတရပ် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က “၇.၇.၆၂ မမေ့ကြနဲ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောင်းသားပြည်သူတွေကို ဆဲဗင်းဂျူလိုင်သမိုင်း ဆွေးနွေးမှု အပါအဝင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ဗကသများအဖွဲ့ချုပ် အလံတော်ကို အလေးပြုခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #စကစ #စစ်သုံးစစ် #ဆဲဗင်းဂျူလိုင် #7July
#whatshappeningnowinmyanmar
ရန်ကုန်မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ပြည်သူ့တော်လှန်ရေး အင်အားစုများက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “အထွေထွေ အကျပ်အတည်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ”၊ “ဘုန်းကြီးသတ်တဲ့ စကစ ရဟန်းရှင်လူ တိုက်ဖျက်ကြ” ဘန်နာတွေကို ကိုင်စွဲပြီး အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး
Media is too big
VIEW IN TELEGRAM

This media is not supported in your browser
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်နဲ့ NDOPSC တို့က ဆဲဗင်းဂျူလိုင် နှစ်ပတ်လည်လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နဲ့ North Dagon Oppressed People's Strike Colition - NDOPSC တို့ ပူးပေါင်းပြီး ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကိုဂျင်မီ (စစ်အစိုးရရဲ့ မတရားကြိုးပေးသတ်ဖြတ်ခဲ့ရသူ) ရဲ့ ကြွေးကြော်သံဖြစ်တဲ့ “နိုင်တဲ့သူသာတရားကြေးဆိုပြီး ကျည်ဆံနဲ့သမိုင်းရေးချင်ကြသလား၊ ဟောဒီကျောင်းသားမျိုးဆက်ကုန်မှ အဲ့ဒီတရားကိုမင်းတို့ရမယ်၊ တရားတဲ့သူသာ နိုင်ကြေးဟေ့” ဆိုတဲ့ စာသားပါဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု
အရာတော်မှာ ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အခမ်းအနား ပြုလုပ်ပြီး သပိတ်စစ်ကြောင်း ချီတက်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ၊ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ “7 July နှစ်ပတ်လည် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ အခမ်းအနား” ပြုလုပ်ခဲ့ပါတယ်။

“၇.၇.၆၂ မမေ့ကြနဲ့”၊ “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” အစရှိတဲ့ ဘန်နာစာတန်းတွေကို ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်းလည်း ချီတက်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု