All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မြိုင်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က မြိုင်မြို့နယ်မှာ အခမ်းအနားတရပ် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ “7 July စိတ်ဓာတ် ကိုင်ဆွဲတိုက်ပွဲဝင်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောင်းသားပြည်သူတွေကို ဆဲဗင်းဂျူလိုင်သမိုင်း ဆွေးနွေးမှု အပါအဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #abfsu #ဆဲဗင်းဂျူလိုင်
⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး ဓာတ်ပုံလှုပ်ရှားမှုတရပ်ပြုလုပ်

၂၀၂၄၊ ဇူလိုင် ၇

ပြည်သူ့တော်လှန်ရေး အင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “၇.၇.၆၂ မမေ့ကြနဲ့"၊ "ဆင်းရဲကျပ်တည်းမှုရဲ့ အဖြေအမှန် စစ်အုပ်စုသာလျှင် တရားခံ"၊ "ကျည်နဲ့ပေးရင် သွေးနဲ့ရေးတဲ့သမိုင်း ဆဲဗင်းဂျူလိုင်မှသည် ထာဝစဉ်အဓွန့်ရှည်ပါစေ" စာသားများ နှင့် ဆဲဗင်းဂျူလိုင်ကာလမှဓာတ်ပုံများကိုင်စွဲပြီး ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်တက္ကသိုလ်အတွင်း အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

#7July #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #photocampaign #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေး၊ မတရားစစ်မှုထမ်းဥပဒေဖျက်သိမ်းရေး နှင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်

၂၀၂၄၊ ဇူလိုင် ၇ရက်

ပြည်သူ့တော်လှန်ရေးအင်အားစုများ က “ကျောင်းသားရာချီ သတ်ဖြတ်ခံရတဲ့ ဆဲဗင်းဂျူလိုင်” ပန်းဖလက်များဖြန့်ဝေပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်းဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မူရင်းဖြန့်‌ဝေစာဖိုင်အား အောက်ပါလင်ခ့်မှာ ဒေါင်းလုတ်ပြီး လွတ်လပ်စွာဖြန်ဝေနိုင်ပါတယ်။

To Download - https://drive.google.com/file/d/1EcZHinnfSMfcr2z8_J2QrbO3Kn-yZ9Mc/view?usp=drivesdk

#7July #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်)ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုများပြုလုပ်

၂၀၂၄၊ ဇူလိုင် ၇ရက်

ပြည်သူ့တော်လှန်ရေးအင်အားစုများက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ “တိုင်းဖျက်ပြည်ဖျက်ဖက်ဆစ်တပ် ပြည်သူအားနဲ့တိုက်ဖျက်" စာသားပါ ဘန်နာအား ကိုင်ဆွဲပြီး "ကျောင်းသားရာချီ သတ်ဖြတ်ခံရတဲ့ ဆဲဗင်းဇူလိုင်" ပန်းဖလက်များအားဖြန့်ဝေကာ ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေး နှင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မူရင်းဖြန့်‌ဝေစာဖိုင်အား အောက်ပါလင်ခ့်မှာ ဒေါင်းလုတ်ပြီး လွတ်လပ်စွာဖြန်ဝေနိုင်ပါတယ်။

To Download - https://drive.google.com/file/d/1EcZHinnfSMfcr2z8_J2QrbO3Kn-yZ9Mc/view?usp=drivesdk

#7July #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အထွေထွေအကျပ်အတည်းဖြေရှင်းရေး #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး
ယင်းမာပင်မှာ ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်မှာ အခမ်းအနားတရပ် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က “၇.၇.၆၂ မမေ့ကြနဲ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောင်းသားပြည်သူတွေကို ဆဲဗင်းဂျူလိုင်သမိုင်း ဆွေးနွေးမှု အပါအဝင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ဗကသများအဖွဲ့ချုပ် အလံတော်ကို အလေးပြုခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #စကစ #စစ်သုံးစစ် #ဆဲဗင်းဂျူလိုင် #7July
#whatshappeningnowinmyanmar