All Burma Federation Of Student Unions
1.17K subscribers
7.85K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အိုးဝေစာစောင်


ဗကသများအဖွဲ့ချုပ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးထုတ်ဝေတဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ် အိုးဝေစာစောင် အတွဲ ၃၊ အမှတ် ၇ ထွက်ပါပြီ။

ဒီစာစောင်မှာ စစ်မှုထမ်းဥပဒေနဲ့ပတ်သက်တဲ့ သတင်းနဲ့ ဆောင်းပါးတွေ၊ စစ်တပ်ရဲ့ လူမျိုးရေးဝါဒမှိုင်းတွေအကြောင်း အပါအဝင် သရော်စာ၊ ကဗျာနဲ့ နိုင်ငံရေးအတွေးအမြင်တွေကို စုံစုံလင်လင် ဖတ်ရှုရမှာပါ။


အသစ်ထွက်တဲ့ အိုးဝေစာစောင်ကို ဖတ်ရှုချင်တယ်ဆိုရင်တော့ အောက်က လင့်ခ်မှာ ‌ဒေါင်းလုတ်ရယူ ဖတ်ရှုနိုင်ပါတယ်။
https://tinyurl.com/7s5dx5ec

အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။


#Oway0307 #Oway #ABFSU #UYSU #အိုးဝေ #ဗကသ #ရတကသ #စစ်မှုထမ်း #MilitaryConscriptionLaw #ဥပဒ#ဖက်ဆစ်တော်လှန်ရေး
◾️ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြ” စာသားပါ လှုံ့ဆော်စာများကို မတ်လ ၂၆ နဲ့ ၂၇ ရက်နေ့တွေက ရန်ကုန်မှာ ဖြန့်ဝေခဲ့ပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
3
◾️ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဦးဆောင်ပြီး “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ကြွေးကြော်သံနဲ့ ပုလဲမြို့နယ်မှာ ဒီကနေ့ နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
2