All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၇၊ ဗကသ

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့၌ “အကြောက်တရားမှလွတ်မြောက်ခြင်း” ဟူသော အဓိပ္ပါယ်ဆောင်သည့် “Freedom From Fear” စာတန်းက်ို ရေးသားပုံဖော်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
3
“နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု အောင်မြင်စွာ ပြီးဆုံးခြင်း

နွေဦးတော်လှန်ရေး သုံးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်နဲ့ GSC ကော်မတီဝင် အဖွဲ့အစည်းအသီးသီးက ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် တိုက်ပွဲခေါ်ခဲ့ပါတယ်။ မဟာမိတ်တွေနဲ့ ပေါင်းစပ်ပြီး ခေါ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဗကသများအဖွဲ့ချုပ်အနေနဲ့ မြို့ပြကျေးလက် ဒေသအသီးသီးမှာ လူထုလှုပ်ရှားမှုပေါင်း ၁၆ ကြိမ်အထိ ထိထိရောက်ရောက် ဖော်ဆောင်ပူးပေါင်းနိုင်ခဲ့ပါတယ်။

“စစ်သုံးစစ်ကို အမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကို တည်ဆောက်စို့”

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
9
လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) (၃)နှစ်ပြည့် အထိမ်းအမှတ်သို့ ‌ပေးပို့သော ဗကသများအဖွဲ့ချုပ်၏ သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၃/ဗကသ/၂၀၂၄
ရက်စွဲ - ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်

Read More - http://www.abfsu.org/2024/02/gscn.html

“စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်တိုက်ဖျက်ကြ”
“လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ အဓွန့်ရှည်ပါစေ”

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
3
လီဆူလူငယ်အစည်းအရုံး (Lisu Youth Congress - LYC) တည်ထောင်ခြင်းအတွက် ဗကသများအဖွဲ့ချုပ်၏ ဝမ်းမြောက်ကြိုဆိုကြောင်း သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ‌၄/ဗကသ/၂၀၂၄
ရက်စွဲ - ၁၁ ရက် ဖေဖော်ဝါရီလ ၂၀၂၄ ခုနှစ်

Read More - http://www.abfsu.org/2024/02/lisu-youth-congress-lyc.html

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
3
စကစရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းတာနဲ့ပတ်သက်ပြီး ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၃/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်

Read More - http://www.abfsu.org/2024/02/blog-post_11.html

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
3
Statement Condemning the Mandatory Conscription Law

Read More - http://www.abfsu.org/2024/02/statement-condemning-mandatory.html

Central Executive Committee
All Burma Federation of Student Unions

#ဗကသ #abfsu #WhatsHappeningInMyanmar
3
အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၁၃၊ ဗကသ

အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်သည့် ကျောင်းသားခေါင်းဆောင် ကိုအောင်ဆန်း၏ (၁၀၉) နှစ်ပြည့်မွေးနေ့တွင် အရာတော်မြို့နယ်၌ အောက်မေ့သတိရခြင်း အခမ်းအနားတခုပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် ပြည်သူလူထုအား ပဲပြုတ်နှင့်နံပြားများဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နှိုးဆော်တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #လှုပ်ရှားမှု #ကိုအောင်ဆန်း #ဗိုလ်ချုပ်အောင်ဆန်း #whathappeninginmyanmar
4