All Burma Federation Of Student Unions
1.16K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇန်နဝါရီ ၁၄၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့က ကနီမြို့နယ်၌ ပြည်သူလူထုသပိတ်စစ်ကြောင်းဖြင့် ပူးပေါင်းကာ “နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို” စာသားပါဘန်နာဖြင့် ဇန်နဝါရီလ ၁၂/၁၃/၁၄ ရက်နေ့များတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
2
ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီတွင် တော်လှန်ရုပ်ရှင်များ ပြသ

၂၀၂၄ ဇန်နဝါရီ ၁၅၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ ကနီမြို့နယ်၌ တော်လှန်ရုပ်ရှင်များ ပြသခြင်းနှင့် ဟောပြောပွဲများ ကျင်းပပြုလုပ်၍ ဇန်နဝါရီလ ၁၃/၁၄/၁၅ ရက်နေ့များတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
2👍1
ဆဲဗင်းဂျူလိုင်အရေးတော်ပုံ တိုက်ပွဲဝင် ကျောင်းသားခေါင်းဆောင်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌဟောင်း ဒေါက်တာမင်းသိမ်း (ခ) ဘိုးသိမ်း ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၁/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်

Read More - http://www.abfsu.org/2024/01/blog-post_17.html

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
4😢3👍1