All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်က ပြည်သူ့အခြေပြု စာသင်ကျောင်းများကို စာရေးကိရိယာများ ထောက်ပံ့

၂၀၂၃ ဒီဇင်ဘာလ ၄၊ ဗကသ

မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆားလင်းကြီးမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဆားလင်းကြီးမြို့နယ်အတွင်းရှိ စာရေးကိရိယာများ လိုအပ်နေသော ပြည်သူ့အခြေပြု စာသင်ကျောင်းနှစ်ကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများအား ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့၌ ဗလာစာအုပ် ၂၆၅ ဒါဇင် ထောက်ပံ့ကူညီခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
7
ဗကသများအဖွဲ့ချုပ်နှင့် ဗလကသတို့က ဘုတလင်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်

၂၀၂၃ ဒီဇင်ဘာ ၇၊ ဗကသ

ဘုတလင်မြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) တို့ ပူးပေါင်း၍ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့၌ စာပေဟောပြောပွဲတခု ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အမျိုးသားအောင်ပွဲနေ့ #စာပေဟောပြောပွဲ
2
ဗကသများအဖွဲ့ချုပ်က ကနီမြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ ဒီဇင်ဘာ ၈၊ ဗကသ

ကနီမြို့နယ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့၌ “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြ”၊ “ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်” စာသားပါဘန်နာများအား ကိုင်စွဲကာ ၂၀၀၈ ဖက်ဆစ်ခြေဥ နိုင်ငံတော်အလံအား မီးရှို့ဖျက်ဆီးပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့သည်။

အဆိုပါလှုပ်ရှားမှုတွင် ဒေသခံ ပကဖ၊ ပအဖ ရဲဘော်များမှလည်း သပိတ်စစ်ကြောင်းကို လုံခြုံရေးယူကာ ဆောင်ရွက်ပေးခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အမျိုးသားအောင်ပွဲနေ့
1👍1