All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ကြိုပင်ကောက်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် လူ့ဘောင်သစ်လူငယ်အဖွဲ့တို့ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်

၂၀၂၃ နိုဝင်ဘာ ၁၄၊ ဗကသ

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် လူ့ဘောင်သစ်လူငယ်တို့ ပူးပေါင်း၍ တော်လှန်စစ်ကို ဝန်းရံထောက်ခံရန် အဖိနှိပ်ခံလူထုကြီးတရပ်လုံး လွတ်မြောက်သည်အထိ ဟန်ချက်ညီညီဖြင့် စုပေါင်းညီညွတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်တိုက်ဖျက်ရန် ရည်ရွယ်၍ “တော်လှန်စစ်မှသည် လူထုလွတ်မြောက်ရေးဆီသို့” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို နိုဝင်ဘာလ ၁၃ ရက်နေ့၌ ကြို့ပင်ကောက်မြို့နယ်တွင် ပြုလုပ်ခဲ့ကြပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု
4
မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) စတင်ဖွဲ့စည်း

၂၀၂၃ နိုဝင်ဘာ ၁၅၊ ဗကသ

၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံမှ ချမှတ်ပြဌာန်းခဲ့သော လက်ခံချက်သုံးရပ်ပါ မူဝါဒ ၆ ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးစနစ် တို့ကို လက်ခံလိုက်နာပြီး မိုးကုတ်ဖက်ဒရယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပါသည်။

သတင်းနှင့်ပြန်ကြားရေး‌ဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU
👍62
ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တွင် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်

၂၀၂၃ နိုဝင်ဘာ ၁၅၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ပန်ဖလက်များဖြန့်ဝေပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

မူရင်းဖိုင်အား အောက်ပါလင့်ခ်မှ ဒေါင်းလုတ်ပြီး လွတ်လပ်စွာ ဖြန်ဝေနိုင်ပါသည်။
To Download - https://shorturl.at/lrMP2

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အထွေထွေအကျပ်အတည်းဖြေရှင်းရေး
3
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့တွင် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်

၂၀၂၃ နိုဝင်ဘာ ၁၆၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် MayangoneDemocratic Front(MDF)၊ Kyimyindaing Networks(KMD18) တို့ ပူးပေါင်း၍ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ပန်ဖလက်များဖြန့်ဝေပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့၌ ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပါသည်။

မူရင်းဖိုင်အား အောက်ပါလင့်ခ်မှ ဒေါင်းလုတ်ပြီး လွတ်လပ်စွာ ဖြန်ဝေနိုင်ပါသည်။
To Download - https://shorturl.at/lrMP2

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ဗကသ #ABFSU #whathappeninginmyanmar #လှုပ်ရှားမှု #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး #အထွေထွေအကျပ်အတည်းဖြေရှင်းရေး
3😁1