All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဆားလင်းကြီးက ရေဘေးသင့်ပြည်သူတွေကို ဗကသများအဖွဲ့ချုပ်က မိုးကာနဲ့ စားနပ်ရိက္ခာ ထောက်ပံ့

၂၀၂၄ ဇူလိုင် ၂၂၊ ဗကသ

ဗကသများအဖွဲ့ချုပ်က ဇူလိုင်လ ၂၂ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မိုးကာတွေနဲ့ ကြက်ဥတွေကို အိမ်ထောင်စု (၁၇၀) စာ ထောက်ပံ့ကူညီခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ရေဘေးသင့်ဒေသ #ထောက်ပံ့ရေး #whatshappeningnowinmyanmar #လှုပ်ရှားမှု
တော်လှန်ရေးရဲဘော်များ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသနဲ့ မဟာမိတ်တွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၂၃၊ ဗကသ

၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က အင်းစိန်ထောင်မှာ ဖက်ဆစ်တပ်က မတရားကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ကိုဂျင်မီ (ခ) ကိုကျော်မင်းယု၊ ကိုဖြိုးဇေယျာသော် (ခ) မောင်ကျော်၊ ကိုလှမျိုးအောင် (ခ) ကိုမျိုး၊ ကိုသူရအောင် (ခ) ကိုဂတုံး တို့ (၄) ဦး ကျဆုံးခဲ့တာ ဒီကနေ့ဆိုရင် (၂) နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်ပါတယ်။

တော်လှန်ရေးရဲဘော်များ မတရားကြိုးပေး သတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်မြို့နယ်သပိတ်ကော်မတီ (SPTSC)၊ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းပြီး ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#whatshappeningnowinmyanmar #လှုပ်ရှားမှု