All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ

အရာတော်မြို့နယ်မှာ အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေး တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို အလေးပြုခြင်း၊ နိုင်ငံရေးသဘောတရားများ ဆွေးနွေးတင်ပြခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တက်ရောက်ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့
ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အရာတော်မြို့နယ်မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “တောင်တန်းမြေပြန့် ညီညွတ်ကြ အာဇာနည်ဟာ ကိုးဦးမက”၊ “ဖက်စစ်တပ်ကို အမြစ်ဖြတ်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့” ကြွေးကြော်သံဘန်နာတွေကို ကိုင်စွဲပြီး ကျောင်းသားပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#19July #ဗကသ #အာဇာနည်နေ့ #whatshappeningnowinmyanmar #လှုပ်ရှားမှု
ဗကသနဲ့ မဟာမိတ်တွေက ရေဘေးသင့်ဒေသတခုကို စားနပ်ရိက္ခာ ထောက်ပံ့

၂၀၂၄ ဇူလိုင် ၂၂၊ ဗကသ

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ Amara Team နဲ့ အလှုရှင်တွေ ပူးပေါင်းပြီး ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရေဘေးသင့်ဒေသတခုကို ကြက်ဥအလုံးရေ ၁၄၀၀ သွားရောက်ကူညီထောက်ပံ့ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ရေဘေးသင့်ဒေသ #ထောက်ပံ့ရေး #whatshappeningnowinmyanmar #လှုပ်ရှားမှု
ဆားလင်းကြီးက ရေဘေးသင့်ပြည်သူတွေကို ဗကသများအဖွဲ့ချုပ်က မိုးကာနဲ့ စားနပ်ရိက္ခာ ထောက်ပံ့

၂၀၂၄ ဇူလိုင် ၂၂၊ ဗကသ

ဗကသများအဖွဲ့ချုပ်က ဇူလိုင်လ ၂၂ ရက်နေ့မှာ ဆားလင်းကြီးမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မိုးကာတွေနဲ့ ကြက်ဥတွေကို အိမ်ထောင်စု (၁၇၀) စာ ထောက်ပံ့ကူညီခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ရေဘေးသင့်ဒေသ #ထောက်ပံ့ရေး #whatshappeningnowinmyanmar #လှုပ်ရှားမှု