All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
ဗကသနဲ့ မဟာမိတ်တွေက အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်‌သပိတ်ကော်မတီ (SPTSC) နဲ့ Youth Strike Committee (YSC) တို့ ပူးပေါင်းပြီး ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး စာသားတွေကို ရန်ကုန်မြို့အနှံ့ ရေးသားလှုံ့ဆော်ပြီး လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #၁၉ဇူလိုင် #အာဇာနည်နေ့
ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ

အရာတော်မြို့နယ်မှာ အထကမလဲသာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေး တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို အလေးပြုခြင်း၊ နိုင်ငံရေးသဘောတရားများ ဆွေးနွေးတင်ပြခြင်း၊ ကဗျာများရွတ်ဆိုခြင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက တက်ရောက်ဂါရဝပြုခြင်းများ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့
ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အရာတော်မြို့နယ်မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “တောင်တန်းမြေပြန့် ညီညွတ်ကြ အာဇာနည်ဟာ ကိုးဦးမက”၊ “ဖက်စစ်တပ်ကို အမြစ်ဖြတ်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့” ကြွေးကြော်သံဘန်နာတွေကို ကိုင်စွဲပြီး ကျောင်းသားပြည်သူ ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#19July #ဗကသ #အာဇာနည်နေ့ #whatshappeningnowinmyanmar #လှုပ်ရှားမှု
ဗကသနဲ့ မဟာမိတ်တွေက ရေဘေးသင့်ဒေသတခုကို စားနပ်ရိက္ခာ ထောက်ပံ့

၂၀၂၄ ဇူလိုင် ၂၂၊ ဗကသ

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ Amara Team နဲ့ အလှုရှင်တွေ ပူးပေါင်းပြီး ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ရေဘေးသင့်ဒေသတခုကို ကြက်ဥအလုံးရေ ၁၄၀၀ သွားရောက်ကူညီထောက်ပံ့ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ရေဘေးသင့်ဒေသ #ထောက်ပံ့ရေး #whatshappeningnowinmyanmar #လှုပ်ရှားမှု