All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဘုတလင်မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဆဲဗင်ဂျူလိုင်သမိုင်းအကျဉ်း လက်ကမ်းစာစောင်တွေ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့က ဘုတလင်မြို့နယ်မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု
Media is too big
VIEW IN TELEGRAM
ကနီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အလေးပြုအခမ်းအနား ပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ဗကသများအဖွဲ့ချုပ်နဲ့ ပြည်သူ့အခြေပြုကျောင်းသား ကျောင်းသူတွေ ပူးပေါင်းပြီး ကနီမြို့နယ်မှာ “7 July နှစ်ပတ်လည် အထိမ်းအမှတ် အလေးပြု အခမ်းအနား” တရပ်ကို ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု
ကနီမှာ ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် လက်ကမ်းစာစောင်တွေ ဖြန့်ဝေ

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ကနီမြို့နယ်ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ဆဲဗင်ဂျူလိုင်သမိုင်းအကျဉ်း လက်ကမ်းစာစောင်တွေ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့က ကနီမြို့နယ်မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု
Media is too big
VIEW IN TELEGRAM
ဆဲဗင်းဂျူလိုင် အခမ်းအနားမှာ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီဝင် မခင်နီရဲ့ ဆွေးနွေးတင်ပြချက်

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု
Media is too big
VIEW IN TELEGRAM
ပြည်သူ့တော်လှန်ရေးအင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်

၂၀၂၄ ဇူလိုင် ၈၊ ဗကသ

ဆဲဗင်းဂျူလိုင် ၆၂ ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်မြို့လိုင်းကားတစီးပေါ်မှာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး နှိုးဆော်တဲ့ အသံဖိုင်ဖွင့်ပြီး အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ မတရားစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး
အရာတော်မြို့နယ်မှာ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အခမ်းအနားနှင့် သပိတ်စစ်ကြောင်း ချီတက်

၂၀၂၄ ဇူလိုင် ၁၀၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အထက ကဲဘာ ကျောင်းသားများ သမဂ္ဂ နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းပြီး ဇူလိုင်လ ၈ ရက်နေ့က အရာတော်မြို့နယ်မှာ “၇.၇.၆၂ မမေ့ကြနဲ့”၊ “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” အစရှိတဲ့ ဘန်နာစာတန်းတွေကို ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်းလည်း ချီတက်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု