All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ရန်ကုန်နဲ့ မန္တလေးမှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေက မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ မေ ၁၉၊ ဗကသ

ဗကသများအဖွဲ့ချုပ်နဲ့ ပြည်သူ့ရင်ခွင်၊ Kyimyidaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Community၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း)၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)၊ လူ့ဘောင်သစ်လူငယ်၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) တို့ ပူးပေါင်းပြီး ရန်ကုန်နဲ့ မ‌န္တလေးမြို့တွေမှာ ဖက်ဆစ်တပ်ရဲ့ မတရားစစ်မှုထမ်းဥပဒေကို ပြည်သူလူထုအနေနဲ့ ပူးပေါင်းဆန့်ကျင်ကြဖို့ အသိပညာပေး လှုံ့ဆော်ဝါဒဖြန့် ပိုစတာတွေကို ဒီကနေ့ မေလ ၁၉ ရက်နေ့မှာ ဖြန့်ဝေခဲ့ကြပါတယ်။

မတရားစစ်မှုထမ်းဆင့်ခေါ်ခံရပါက ပြည်သူ့ရင်ခွင် - People's Embrace သို့ ဆက်သွယ်ရန်
Facebook📱https://www.facebook.com/PeoplesEmbrace
Telegram📱 @MyanmarPeople

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
ကနီမှာ ဗကသများအဖွဲ့ချုပ်က စာကြည့်တိုက်ဖွင့်လှစ်

၂၀၂၄ မေ ၁၉၊ ဗကသ

The Way Music Film Family အကူအညီနဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကနီမြို့နယ်မှာ လေပြေနီသမဂ္ဂစာကြည့်တိုက်ကို ဒီကနေ့ မေလ ၁၉ ရက်နေ့က ဦးဆောင်ဖွင့်လှစ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
ထိုင်းနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ နက်တီပွန် ဆာနက်ဆာခွန်း ကျဆုံးမှုနှင့်ပတ်သတ်၍ ထုတ်ပြန်ကြေညာချက်

#abfsu #ဗကသ
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ မေ ၂၄၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရန်ကုန်မြို့တနေရာမှာ ဗကသရဲဘော်များက ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား ပန်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို မေလ ၂၂ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ