All Burma Federation Of Student Unions
1.17K subscribers
7.88K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်မှ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၃၊ ဗကသ

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်း၍ ဖေဖော်ဝါရီလ ၃ ရက်နေ့၌ ကနီမြို့နယ်ရှိ မီးသတ်ရုံးတခုတွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုတိုက်ဖျက်ဖို့ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာအား ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
1
တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က နွေဦးတော်လှန်ရေး သုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၅၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဖေဖော်ဝါရီလ ၄ ရက်နေ့၌ တနင်္သာရီမြို့နယ်တွင် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “အမျိုးတန်းတူရေး လူ့အခွင့်အရေးများရရှိဖို့ တော်လှန်စစ်ကိုထောက်ခံစို့” ပန်ဖလက်များ ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
4
This media is not supported in your browser
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များမှ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၅၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition (NDOPSC) တို့ပူးပေါင်း၍ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့အထိ စစ်ကောင်စီ၏ ဖိနှိပ်မှုပြင်းထန်နေသည့်ကြားမှ ရန်ကုန်မြို့တွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်နေပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
👍1
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် လွိုင်နန်ဖကျေးရွာရှိ စာသင်ကျောင်းအား ဖက်ဆစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ်၏ ထုတ်ပြန်ကြေညာချက်

ကြေညာချက်အမှတ် - ၁/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်

Read More - http://www.abfsu.org/2024/02/blog-post_53.html

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
😢3
အသံတိတ်သပိတ် Silent Strike လှုပ်ရှားမှု‌တွင် ပါ၀င်ခဲ့သည့် စက်မှုလက်မှုသိပ္ပံ (အင်းစိန်) ကျောင်းသားများ အကြမ်းဖက်ဖမ်းဆီး ရိုက်နှက်ခံရမှုနှင့် ပတ်သက်၍ ဗကသများအဖွဲ့ချုပ်က သဘောထားထုတ်ပြန်ခြင်း

ကြေညာချက်အမှတ် - ၂/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်

Read More - http://www.abfsu.org/2024/02/silent-strike.html

“အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ”
“စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်တိုက်ဖျက်ကြ”


ဗဟိုအမှုဆောင်အဖွဲ့
ဗကသများအဖွဲ့ချုပ်
👍2
Aerial Bombing of Karenni School

Statement - 1/ABFSU/2024
Date - 5th Feb 2024

Read More - http://www.abfsu.org/2024/02/aerial-bombing-of-karenni-school.html

Central Executive Committee
All Burma Federation of Student Unions
2👍1
Media is too big
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့အနှံ့အပြားတွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၆၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition - (NDOPSC) တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် “နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုများကို ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ရန်ကုန်မြို့အနှံ့အပြားတွင် ဆက်လက်ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
👍4