All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ၇၇နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြုလုပ်

၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့က တနင်္သာရီမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီအရေးတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည်တွေကို အလေးပြုခြင်း၊ ၁၉ ဇူလိုင်သီချင်းသီဆိုခြင်း၊ အာဇာနည်နေ့အကြောင်း ရှင်းလင်းတင်ပြခြင်းနဲ့ ကဗျာရွတ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ

ဗကသများအဖွဲ့ချုပ် က ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “တောင်တန်းမြေပြန့် ညီညွတ်ကြ၊ အာဇာနည်ဟာ ကိုးဦးမက” စာသားပါ ဘန်နာကို ချိတ်ဆွဲပြီး ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့
ဗကသများအဖွဲ့ချုပ်က ရန်ကုန်မှာ အခြေခံလူထုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး စားသောက်ကုန်အချို့ ထောက်ပံ့

၂၀၂၄ ဇူလိုင် ၁၉၊ ဗကသ

ဗကသများအဖွဲ့ချုပ်က ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ၇၇ နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး အခြေခံပြည်သူလူထုကို စားသောက်ကုန်အချို့ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ ##၁၉ဇူလိုင် #အာဇာနည်နေ့