All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
Media is too big
VIEW IN TELEGRAM
ပြည်သူ့တော်လှန်ရေးအင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ ပြည့် အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်

၂၀၂၄ ဇူလိုင် ၈၊ ဗကသ

ဆဲဗင်းဂျူလိုင် ၆၂ ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက ဒီကနေ့ ဇူလိုင်လ ၈ ရက်နေ့က ရန်ကုန်မြို့လိုင်းကားတစီးပေါ်မှာ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး နှိုးဆော်တဲ့ အသံဖိုင်ဖွင့်ပြီး အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ မတရားစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး
အရာတော်မြို့နယ်မှာ ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အခမ်းအနားနှင့် သပိတ်စစ်ကြောင်း ချီတက်

၂၀၂၄ ဇူလိုင် ၁၀၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ အထက ကဲဘာ ကျောင်းသားများ သမဂ္ဂ နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းပြီး ဇူလိုင်လ ၈ ရက်နေ့က အရာတော်မြို့နယ်မှာ “၇.၇.၆၂ မမေ့ကြနဲ့”၊ “ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ် ဆက်လက်ကိုင်ဆွဲကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ” အစရှိတဲ့ ဘန်နာစာတန်းတွေကို ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်းလည်း ချီတက်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု
အရာတော်မြို့နယ် ဆဲဗင်းဂျူလိုင် နှစ်ပတ်လည် အထိမ်းအမှတ် လက်ကမ်းစာစောင် ဖြန့်ဝေ

၂၀၂၄ ဇူလိုင် ၈၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လက်ကမ်း‌စာဆောင်တွေကို ဇူလိုင်လ ၈ ရက်နေ့မှာ ပြည်သူလူထုကို ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #လှုပ်ရှားမှု