All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
Media is too big
VIEW IN TELEGRAM
မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ
ဗကသများအဖွဲ့ချုပ်က ပြည်သူ့အခြေပြုကျောင်းတကျောင်းကို စာရေးကိရိယာများ ထောက်ပံ့

၂၀၂၄ ဇွန် ၅၊ ဗကသ

ဗကသများအဖွဲ့ချုပ်က ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ယင်းမာပင်မြို့နယ်က ပြည်သူ့အခြေပြု စာသင်ကျောင်းတကျောင်းကို သင်ထောက်ကူပစ္စည်းတွေ စာရေးကိရိယာတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ အခုလို ထောက်ပံ့နိုင်ဖို့ ကူညီပံ့ပိုးခဲ့တဲ့ မိဘပြည်သူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #သင်ထောက်ကူ #စာရေးကိရိယာ #ပြည်သူ့အခြေပြုကျောင်း
ဗကသများအဖွဲ့ချုပ်က ရက်ရှည်စစ်ဘေးရှောင် ပြည်သူတွေကို အာဟာရဒါန ပြုလုပ်

၂၀၂၄ ဇွန် ၈၊ ဗကသ

ယင်းမာပင်မြို့နယ်က ရက်ရှည်စစ်ဘေးရှောင် ပြည်သူတွေကို အလှူရှင်နှစ်ဦးကိုယ်စား ဗကသများအဖွဲ့ချုပ်က ဒီကနေ့ ဇွန်လ ၈ ရက်နေ့မှာ ထမင်းတနပ်စာ အာဟာရဒါန ပြုလုပ်ခဲ့ပါတယ်။ အခုလိုလှူဒါန်းပေးတဲ့ အလှူရှင်နှစ်ဦးကို စစ်ရှောင်ပြည်သူတွေကိုယ်စား ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #အာဟာရဒါန
ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ဘုတလင်မှာ ပန်ဖလက်တွေ ဖြန့်ဝေ

၂၀၂၄ ဇွန် ၂၇၊ ဗကသ

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်မှာ ဆလိုင်းတင်မောင်ဦး ကိုယ်ရေးအကျဉ်း ပန်ဖလက်တွေကို ဇွန်လ ၂၆ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ဆလိုင်းတင်မောင်ဦး